Strategy ကို နားလည်ပြီးနောက် ဘာဆက်လေ့လာရမလဲ?

Babylon Price Action ကို လေ့လာပြီး Strategy ကို ကောင်းကောင်းနားလည်သွားပြီဆိုပါစို့။

Market Structure ကို နားလည်တယ်။ Impulse နဲ့ Correction ကို ခွဲခြားတတ်တယ်။ ကိုယ်ဝင်သင့်တဲ့ Entry Setup ကိုလည်း သိနေပြီ။

ဒါဆို Trader တစ်ယောက်အနေနဲ့ လေ့လာစရာတွေ ကုန်သွားပြီလား။

မကုန်သေးပါဘူး။

တကယ်တော့ အဲဒီအဆင့်ရောက်မှ ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် ပိုပြီးလေ့လာရမယ့်အရာတွေ ရှိလာမှာပါ။

Money Mindset, Leverage, Financial Planning နဲ့ Decision-Making လို အကြောင်းအရာတွေကို ဆက်လက်လေ့လာဖို့ လိုပါတယ်။

ဥပမာ Strategy တစ်ခုကို ကောင်းကောင်းနားလည်ထားပေမဲ့ ကိုယ့်မှာရှိတဲ့ Capital နဲ့ ဘယ်လောက် Risk ယူသင့်သလဲဆိုတာ မဆုံးဖြတ်နိုင်ဘူးဆိုရင် Strategy တစ်ခုတည်းနဲ့ မလုံလောက်သေးပါဘူး။

Leverage ကို အသုံးပြုတတ်ပေမဲ့ ကိုယ့်ရဲ့ Financial Situation နဲ့ သင့်တော်တဲ့ Exposure ဘယ်လောက်ရှိသင့်သလဲဆိုတာ မသိဘူးဆိုရင်လည်း ပြဿနာရှိနိုင်ပါတယ်။

Trading ကနေ ဝင်ငွေရလာတဲ့အခါ ဘယ်လောက်ကို ပြန်လည်ရင်းနှီးမြှုပ်နှံမလဲ၊ ဘယ်လောက်ကို စုဆောင်းမလဲ၊ ကိုယ့်ရဲ့ရေရှည် Financial Goals တွေကို ဘယ်လိုတည်ဆောက်မလဲဆိုတာတွေကိုလည်း စဉ်းစားတတ်ဖို့ လိုပါတယ်။

ဒီအကြောင်းအရာတွေဟာ Babylon Price Action Program ထဲမှာ သင်ခန်းစာတွေအဖြစ် ထည့်သွင်းသင်ကြားထားတဲ့ အကြောင်းအရာတွေ မဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုတော့ လူတိုင်းရဲ့ Financial Situation၊ Capital၊ Income၊ Responsibilities နဲ့ ရည်မှန်းချက်တွေက မတူညီကြလို့ပါပဲ။

တစ်ယောက်အတွက် အဆင်ပြေတဲ့ Financial Plan က နောက်တစ်ယောက်အတွက် သင့်တော်ချင်မှ သင့်တော်မှာပါ။

ဒါကြောင့် ဒီအရာတွေကို သင်ခန်းစာတစ်ခုကြည့်ပြီး နည်းလမ်းတစ်ခုအတိုင်း လိုက်လုပ်ရုံနဲ့ မပြီးပါဘူး။

ကိုယ့်မှာ ဘာပြဿနာရှိနေလဲဆိုတာ အရင်သိဖို့လိုတယ်။ ပြဿနာရဲ့အကြောင်းရင်းကို ရှာဖို့လိုတယ်။ ဖြစ်နိုင်တဲ့ ရွေးချယ်စရာတွေကို နှိုင်းယှဉ်စဉ်းစားပြီး ကိုယ့်အခြေအနေနဲ့ သင့်တော်တဲ့ဆုံးဖြတ်ချက်ကို ကိုယ်တိုင်ချနိုင်အောင် ကြိုးစားရမှာပါ။

ကျွန်တော် အဓိကပြောချင်တာက Strategy တစ်ခုကို နားလည်တတ်မြောက်ခြင်းနဲ့ ကိုယ့်ရဲ့ Financial Life တစ်ခုလုံးကို စီမံခန့်ခွဲနိုင်ခြင်းဟာ မတူညီတဲ့အရာနှစ်ခု ဖြစ်ပါတယ်။

Trading Strategy က Market ကို ဘယ်လိုချဉ်းကပ်မလဲဆိုတာ သင်ပေးနိုင်ပါတယ်။

ဒါပေမဲ့ ကိုယ့်ဘဝမှာ ငွေကြေးနဲ့ပတ်သက်ပြီး ဘယ်လိုဆုံးဖြတ်ချက်တွေ ချသင့်သလဲဆိုတာကိုတော့ ကိုယ်တိုင် စဉ်းစားလေ့လာပြီး တည်ဆောက်သွားရမှာပါ။

နောက်ဆုံးမှာ ကျွန်တော်လိုချင်တာက ခင်ဗျားတို့ Strategy တစ်ခုကို လိုက်နာအသုံးပြုတတ်တဲ့ Trader တွေဖြစ်လာဖို့တင် မဟုတ်ပါဘူး။

ကိုယ့်ရဲ့ပြဿနာကို ကိုယ်တိုင်သိမြင်ပြီး အကြောင်းအရင်းနဲ့ အကျိုးဆက်ကို စဉ်းစားနိုင်တဲ့၊ ကိုယ့်ဆုံးဖြတ်ချက်အပေါ် တာဝန်ယူနိုင်တဲ့သူတွေ ဖြစ်လာစေချင်တာပါ။

ဘာကြောင့်လဲဆိုတော့ Trading ဟာ Market မှာ Entry ကောင်းကောင်းဝင်တတ်ဖို့တင် မဟုတ်ဘဲ ကိုယ့်မှာရှိတဲ့ Capital၊ Risk နဲ့ အခွင့်အလမ်းတွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာနဲ့လည်း သက်ဆိုင်နေလို့ပါပဲ။

Strategy ကို သင်ယူပါ။ ဒါပေမဲ့ Strategy တစ်ခုတည်းမှာပဲ သင်ယူမှုကို မရပ်တန့်လိုက်ပါနဲ့။

BABYLON TRADING

Trade with Structure. Win with Strategy.