Trading Psychology ကို ထိန်းချင်ရင် ကိုယ့် Risk ကို အရင်ကြည့်ပါ

Trade မဝင်ခင်တော့ စိတ်က တည်ငြိမ်နေတာပဲ။ ကိုယ့် Analysis ကိုလည်း ယုံတယ်။ Entry၊ SL၊ TP အကုန် Plan ချထားပြီးသား။

ဒါပေမဲ့ Trade ဝင်ပြီး ဈေးနည်းနည်းပြန်လာတာနဲ့ Plan က မတည်ငြိမ်တော့ဘူး။

“စောစောပိတ်လိုက်ရမလား?”
“SL နည်းနည်းရွှေ့ထားရင် ကောင်းမလား?”
“ဒီတစ်ခါရှုံးရင် နောက်တစ်ခါ Lot တိုးပြီး ပြန်ယူမယ်။”

ဒီလိုဖြစ်တဲ့အခါ “ငါ့ Psychology အားနည်းလို့” ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်တတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်ကို အဲဒီလောက် ဖိအားပေးနေတဲ့ Risk ပမာဏကိုတော့ မစစ်မိကြဘူး။

ကျွန်တော့်အမြင်မှာ Trading Psychology ကို ထိန်းဖို့ အထိရောက်ဆုံး လက်တွေ့ Tools တွေထဲမှာ Risk နဲ့ Money Management ပါပါတယ်။

ကားမောင်းတဲ့အခါ ကိုယ်မထိန်းနိုင်တဲ့ အမြန်နှုန်းနဲ့ မောင်းထားရင် စိတ်ကိုငြိမ်အောင် ကြိုးစားနေရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ်ထိန်းနိုင်တဲ့ အမြန်နှုန်းကို ပြန်လျှော့ဖို့လည်း လိုပါတယ်။

Trading မှာလည်း အဲဒီလိုပါပဲ။ ကိုယ်မခံနိုင်တဲ့ ပမာဏနဲ့ Trade ဝင်ထားရင် Candle တစ်တိုင်ချင်းစီက ဖိအားဖြစ်လာနိုင်ပါတယ်။

အထူးသဖြင့် အဲဒီငွေက လကုန်အတွက် သုံးရမယ့်ငွေ၊ ပြန်ဆပ်ရမယ့်ငွေ ဖြစ်နေရင် “ဒီ Trade ရှုံးလို့မဖြစ်ဘူး” ဆိုတဲ့စိတ် ပိုဝင်လာတတ်ပါတယ်။ ရှုံးနိုင်တဲ့အခြေအနေကို လက်မခံနိုင်တော့ ကိုယ့် Plan ကို လိုက်နာဖို့လည်း ခက်လာတာပါ။

Risk Management ဆိုတာ SL တပ်ထားရုံနဲ့ မပြီးပါဘူး။ SL ထိသွားရင် ဆုံးရှုံးမယ့်ပမာဏက ကိုယ့်အတွက် လက်ခံနိုင်တဲ့ ပမာဏဖြစ်ဖို့လည်း လိုပါတယ်။

SL ကို Setup မှားကြောင်းပြတဲ့ နေရာမှာထားပြီး အဲဒီအကွာအဝေးနဲ့ ကိုက်အောင် Position Size ကို တွက်ရပါတယ်။ ကိုယ်သုံးချင်တဲ့ Lot နဲ့ အရင်ဝင်ပြီးမှ အရှုံးနည်းအောင် SL ကို အတင်းကပ်ထားတာမျိုးက ကိုယ့် Trading Idea နဲ့ မကိုက်တော့ပါဘူး။

Money Management ကတော့ Trade တစ်ခုထက် ပိုကျယ်တဲ့အပိုင်းကို ကြည့်တာပါ။ Trading အတွက် ဘယ်လောက်ငွေခွဲထားမလဲ၊ စုစုပေါင်း ဘယ်လောက် Risk ယူမလဲ၊ Drawdown ဖြစ်လာရင် ဘယ်လိုစီမံမလဲဆိုတာတွေ ပါဝင်ပါတယ်။

ဒီစည်းမျဉ်းတွေကို Trade မဝင်ခင် သတ်မှတ်ထားတာက Emotion ဝင်နေတဲ့အချိန်မှာ ဆုံးဖြတ်ချက်အသစ်တွေ ချနေရတာကို လျှော့ပေးပါတယ်။

ဥပမာ တစ်နေ့အတွက် ရပ်ရမယ့်အရှုံးပမာဏ သတ်မှတ်ထားရင် ရှုံးသွားတဲ့အချိန်တိုင်း “နောက်တစ်ပွဲလောက် ပြန်ဝင်မယ်” ဆိုတဲ့စိတ်အတိုင်း ဆက်လုပ်မိတာကို တားဖို့ စည်းမျဉ်းတစ်ခု ရှိနေပြီပေါ့။

ဒါပေမဲ့ စည်းမျဉ်းရှိရုံနဲ့ မပြီးပါဘူး။ အဲဒီစည်းမျဉ်းကို လိုက်နာနိုင်လောက်တဲ့ Risk ပမာဏ ဖြစ်ဖို့လည်း လိုပါတယ်။ Trade တစ်ခုရှုံးတာကို ခံနိုင်ပေမဲ့ ဆက်တိုက်ရှုံးတဲ့အခါ Lot တိုးပြီး ပြန်လိုက်မိတယ်ဆိုရင် ကိုယ့် Risk Plan ကို ပြန်သုံးသပ်ရပါမယ်။

Risk ကို စနစ်တကျစီမံထားလို့ FOMO၊ စိတ်မရှည်မှုနဲ့ အရှုံးပြန်လိုက်ချင်စိတ် အားလုံး ပျောက်သွားမှာတော့ မဟုတ်ပါဘူး။ ကိုယ့်အကျင့်တွေကို Journal မှာ ပြန်ကြည့်ပြီး လေ့ကျင့်ဖို့ လိုနေဆဲပါ။

ဒါပေမဲ့ လက်ခံနိုင်တဲ့အရှုံးပမာဏကို ကြိုသတ်မှတ်ထားခြင်းက စိတ်လှုပ်ရှားနေတဲ့အချိန်မှာတောင် Plan အတိုင်း ဆုံးဖြတ်နိုင်ဖို့ အခြေခံကောင်းတစ်ခု ဖြစ်ပါတယ်။

နောက်တစ်ခါ Trade ဝင်ပြီး စိတ်မတည်ငြိမ်ဖြစ်လာရင် “ငါ့ Mindset ဘာလို့မကောင်းတာလဲ” လို့ပဲ မမေးပါနဲ့။

“ဒီ Trade မှာ ငါယူထားတဲ့ Risk က ငါတကယ်လက်ခံနိုင်တဲ့ ပမာဏလား” လို့ပါ ပြန်မေးကြည့်ပါ။


  • Trading ကို စနစ်တကျလေ့လာပြီး ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ရပ်တည်နိုင်ဖို့ Babylon ရဲ့ သင်ခန်းစာတွေနဲ့ Community ကို လာကြည့်ပါ။

🌐 www.babylon-trading.com