01. Babylon ရဲ့ ရှေ့ဆက်မယ့်လမ်းကြောင်း
Babylon ကို စတင်တည်ဆောက်ခဲ့တဲ့အချိန်ကတည်းက စနစ်တကျ Trading လေ့လာနိုင်ဖို့နဲ့ ကိုယ့်ဆုံးဖြတ်ချက်အတွက် ကိုယ်တိုင်တာဝန်ယူနိုင်တဲ့ trader တွေ ဖြစ်လာဖို့ ရည်ရွယ်ခဲ့ပါတယ်။
ရှေ့ဆက်မှာ ဒီရည်ရွယ်ချက်ကို Free Education နဲ့ Babylon Elite Membership ဆိုတဲ့ အပိုင်းနှစ်ခုကနေ ဆက်လက်ဖော်ဆောင်သွားမှာပါ။
Free Education
The Foundation of Forex Trading နဲ့ Babylon Price Action သင်ခန်းစာတွေကနေ Trading ကို စနစ်တကျ စတင်လေ့လာနိုင်ဖို့ ရည်ရွယ်ပါတယ်။
Babylon ရဲ့ Official YouTube Channel မှာ မျှဝေထားတဲ့ သင်ခန်းစာတွေကို ကိုယ်ပိုင်အချိန်နဲ့ လေ့လာနိုင်ပါတယ်။ Free သင်ခန်းစာတွေကို ကြည့်ရှုလေ့လာဖို့ Elite Membership ဝယ်ယူရန် မလိုပါဘူး။
Babylon Elite Membership
လေ့လာထားတာကို ဆက်လက်လေ့ကျင့်ဖို့၊ ကိုယ့် trade တွေရဲ့ အကြောင်းပြချက်ကို မှတ်တမ်းတင်ဖို့နဲ့ ပြန်လည်သုံးသပ်ဖို့ ပံ့ပိုးပေးတဲ့ membership ဖြစ်ပါတယ်။
Journaling၊ Mentor AI learning support၊ Weekly Market Analysis Live၊ private content နဲ့ private trader spaces တွေကို ဒီရည်ရွယ်ချက်အတွက် ပေါင်းစည်းထားပါတယ်။
ကျွန်တော်တို့ အလေးထားတဲ့ လေ့ကျင့်မှု
• Market structure နဲ့ ကိုယ့် framework ကို နားလည်ခြင်း
• Historical charts တွေမှာ စနစ်တကျ backtest လုပ်ခြင်း
• Trade တစ်ခုချင်းစီရဲ့ reasoning နဲ့ risk ကို မှတ်တမ်းတင်ခြင်း
• ရလဒ်နဲ့အတူ ကိုယ့်စည်းကမ်းလိုက်နာမှုကို ပြန်သုံးသပ်ခြင်း
• မရှင်းတဲ့အခြေအနေမှာ စောင့်နိုင်ခြင်း
Member ဟောင်းတွေအတွက်
အစောပိုင်းကတည်းက Babylon ကို ယုံကြည်ပြီး ပါဝင်ပေးခဲ့တဲ့ member တွေရဲ့ ပံ့ပိုးမှုကို တန်ဖိုးထားပါတယ်။
သင်ခန်းစာတွေကို အခမဲ့မျှဝေခြင်းက member ဟောင်းတွေရဲ့ ဝယ်ယူထားတဲ့ access ကို ပယ်ဖျက်ခြင်း မဟုတ်ပါဘူး။ မိမိဝယ်ယူစဉ် ပါဝင်ထားတဲ့ အခွင့်အရေးနဲ့ သက်ဆိုင်ရာ member update တွေအတိုင်း ဆက်လက်ပံ့ပိုးသွားမှာပါ။
Babylon ရဲ့ ရည်ရွယ်ချက်က ကိုယ့်ဆုံးဖြတ်ချက်ကို နားလည်ပြီး စနစ်တကျလေ့ကျင့်နိုင်တဲ့ trader တစ်ယောက်အဖြစ် တိုးတက်လာဖို့ ဖြစ်ပါတယ်။
သင်ခန်းစာ၊ tools နဲ့ community က ဒီခရီးကို ပံ့ပိုးပေးနိုင်ပါတယ်။ လေ့ကျင့်မှုနဲ့ ဆုံးဖြတ်ချက်တွေကိုတော့ ကိုယ်တိုင် တည်ဆောက်ရပါမယ်။
နောက်ဆုံးပြင်ဆင်သည့်နေ့ — 23 October 2026