ဟိုနည်းလမ်းလည်း လေ့လာမယ်။ ဒီနည်းလမ်းလည်း သိထားရမယ်။ ဟို Indicator လည်း သုံးမယ်။ ဒီ Strategy လည်း ...
ဟိုနည်းလမ်းလည်း လေ့လာမယ်။ ဒီနည်းလမ်းလည်း သိထားရမယ်။ ဟို Indicator လည်း သုံးမယ်။ ဒီ Strategy လည်း စမ်းကြည့်မယ်။
အိုကေ၊ ရပါတယ်။ လေ့လာချင်တာ လေ့လာပါ။ အသိပညာများတာ မကောင်းဘူးလို့ ကျွန်တော် မပြောပါဘူး။
ဒါပေမဲ့ #BabylonPriceAction ကို လေ့လာမယ်ဆိုရင်တော့ ခင်ဗျား အရင်က လေ့လာထားတဲ့ နည်းလမ်းတွေ၊ လက်ရှိ အသုံးပြုနေတဲ့ Indicators တွေ၊ နောက်ထပ် လေ့လာချင်နေတဲ့ Strategy တွေကို ခဏလောက် ဘေးချထားလိုက်ပါ။
ကျွန်တော် ပြောပြထားတဲ့ Guidelines တွေအတိုင်းပဲ Market ကို စဉ်းစားကြည့်ပါ။ သုံးသပ်ကြည့်ပါ။ ကိုယ်တိုင် လေ့လာစမ်းသပ်ကြည့်ပါ။
ကျွန်တော် ပြောတာတွေကို အမှန်တရားလို့ မျက်စိမှိတ်ယုံကြည်ခိုင်းနေတာ မဟုတ်ပါဘူး။ ကျွန်တော် ဘယ်လိုစဉ်းစားသလဲ၊ Market Structure ကို ဘယ်လိုဖတ်သလဲ၊ Decision တစ်ခုကို ဘယ်လိုတည်ဆောက်သလဲဆိုတာကို အရင် နားလည်စေချင်တာပါ။
ခင်ဗျားတို့ ကျွန်တော့်ထက် ပိုသိတယ်၊ ပိုတတ်တယ်ဆိုလည်း သိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ပြဿနာမရှိပါဘူး။
ဒါပေမဲ့ ကျွန်တော် ရှင်းပြနေတဲ့ Process တစ်ခုကို သေသေချာချာ နားမလည်သေးခင်မှာ ဟို Strategy က Rule တစ်ခု၊ ဒီ Indicator က Confirmation တစ်ခု၊ နောက် Method က Entry တစ်ခုနဲ့ ရောကြိတ်နေမယ်ဆိုရင်တော့ ခံရမှာပါပဲ။
ဘာကြောင့် Entry ဝင်ခဲ့သလဲ၊ ဘယ် Rule ကြောင့် ဆုံးဖြတ်ခဲ့သလဲ၊ ဘာကြောင့် Loss ဖြစ်ခဲ့သလဲဆိုတာတောင် ပြန်သုံးသပ်ဖို့ ခက်သွားနိုင်ပါတယ်။
နည်းလမ်းတွေ အများကြီးသိဖို့ထက် ကိုယ်အသုံးပြုနေတဲ့ နည်းလမ်းတစ်ခုကို ဘယ်လောက်နားလည်ထားသလဲဆိုတာက ပိုအရေးကြီးပါတယ်။
ကျွန်တော် ခင်ဗျားတို့ကို Babylon Price Action တစ်ခုတည်းပဲ သုံးရမယ်လို့ မပြောပါဘူး။
အနည်းဆုံးတော့ နည်းလမ်းတစ်ခုကို သင်ယူနေတဲ့အချိန်မှာ အဲဒီနည်းလမ်းရဲ့ Logic နဲ့ Guidelines တွေကို အရင်နားလည်အောင် ကြိုးစားစေချင်တာပါ။
နားလည်သွားပြီးမှ ကြိုက်သလို နှိုင်းယှဉ်ပါ။ Backtest လုပ်ပါ။ ကိုယ့်အတွက် အလုပ်ဖြစ်မဖြစ် ဆုံးဖြတ်ပါ။