သင်ခန်းစာတစ်ခုကြည့်ပြီးတိုင်း မှတ်စုထုတ်တဲ့အလေ့အကျင့် လုပ်ပါ။ သင်ခန်းစာတစ်ခုကို ကြည့်ပြီးသွားတာန...

သင်ခန်းစာတစ်ခုကြည့်ပြီးတိုင်း မှတ်စုထုတ်တဲ့အလေ့အကျင့် လုပ်ပါ။

သင်ခန်းစာတစ်ခုကို ကြည့်ပြီးသွားတာနဲ့ အဲဒီသင်ခန်းစာကို နားလည်သွားပြီ၊ တတ်မြောက်သွားပြီလို့ မဆိုနိုင်သေးပါဘူး။

ဒါကြောင့် Babylon Trading မှာ သင်ခန်းစာတစ်ခု လေ့လာပြီးတိုင်း ကိုယ်နားလည်ထားတာတွေကို ကိုယ့်စကားနဲ့ကိုယ် ပြန်ရေးပြီး မှတ်စုထုတ်စေချင်ပါတယ်။

မှတ်စုထုတ်တဲ့အခါ အနည်းဆုံး ဒီမေးခွန်း (၅) ခုကို ဖြေကြည့်ပါ။

1. ဒီသင်ခန်းစာမှာ ဘာတွေ သင်ပေးသွားတာလဲ?

အဓိကရှင်းပြသွားတဲ့ အကြောင်းအရာတွေကို ကိုယ်နားလည်သလို အကျဉ်းချုပ်ရေးပါ။

2. ဘာတွေကို အဓိက မှတ်သားထားရမလဲ?

အရေးကြီးတဲ့ Rules, Conditions နဲ့ Concepts တွေကို သီးခြားမှတ်သားထားပါ။

3. ဘာတွေကို သတိထားရမလဲ?

လုပ်သင့်တာ၊ မလုပ်သင့်တာ၊ အမှားလုပ်မိနိုင်တဲ့ အခြေအနေတွေကို ခွဲခြားရေးပါ။

4. ဘယ်အပိုင်းတွေကို နားမလည်သေးဘူးလဲ?

နားမလည်တာကို ကျော်မသွားပါနဲ့။ မေးခွန်းအဖြစ် မှတ်ထားပြီး ပြန်လေ့လာပါ။ လိုအပ်ရင် Mentor ကို မေးမြန်းပါ။

5. လက်တွေ့မှာ ဘယ်လိုအသုံးချမလဲ?

TradingView Chart ပေါ်မှာ ပြန်လေ့ကျင့်ကြည့်ပါ။ သင်ထားတဲ့အကြောင်းအရာနဲ့ လက်တွေ့တွေ့ရတဲ့ အခြေအနေတွေကို နှိုင်းယှဉ်ကြည့်ပါ။


ကျနော့်အနေနဲ့ သင်ခန်းစာတွေကို အမြန်ဆုံးပြီးအောင် ကြည့်စေချင်တာထက် သင်ခန်းစာတစ်ခုချင်းစီကို သေချာနားလည်ပြီး ကိုယ်တိုင်ပြန်ရှင်းပြနိုင်တဲ့အဆင့်အထိ ရောက်စေချင်တာပါ။

တစ်နေ့ကို သင်ခန်းစာ (၅) ခု ကြည့်ပြီး ဘာမှမမှတ်မိတာထက် သင်ခန်းစာ (၁) ခုကို သေချာနားလည်ထားတာက ပိုပြီးအကျိုးရှိပါတယ်။

နောက်ပြီး ကိုယ်ရေးထားတဲ့ မှတ်စုတွေကိုလည်း Babylon Community မှာ ပြန်လည်မျှဝေပေးကြပါ။

ကိုယ်နားလည်ထားတာ မှန်သလား၊ ဘယ်အပိုင်းတွေ လိုအပ်နေသေးလဲဆိုတာကို ပြန်လည်ဆွေးနွေးနိုင်သလို တခြားလေ့လာနေတဲ့ Member တွေအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။

Remember:

သင်ခန်းစာပြီးသွားဖို့ထက် သင်ယူထားတဲ့အရာကို တကယ်နားလည်ဖို့က ပိုအရေးကြီးပါတယ်။

Babylon Trading — Learn with Structure. Practice with Discipline.