နည်းလမ်းအများကြီး သိနေဖို့ မလိုပါဘူး။ တစ်ခုတည်းကို ကျွမ်းကျင်နေဖို့ပဲ လိုပါတယ်။

တစ်ခုတည်းကို တကယ်ကျွမ်းကျင်အောင် လုပ်နိုင်ပြီဆိုရင် အဲဒီတစ်ခုတည်းကနေပဲ အခွင့်အလမ်းတွေအများကြီး ရှာဖွေနိုင်ပါတယ်။ အဓိကက ကိုယ့်ကိုယ်ကို ရှုပ်ထွေးအောင် မလုပ်မိဖို့ပါပဲ။

ကျွန်တော်လည်း SMC, ICT, Wyckoff, Supply & Demand, Indicators စတဲ့ Trading နည်းလမ်းတွေ အများကြီး လေ့လာခဲ့ဖူးပါတယ်။ နားလည်ပါတယ်၊ သူတို့ရဲ့ သဘောတရားတွေကိုလည်း သဘောပေါက်ပါတယ်။

ဒါပေမဲ့ သတိထားမိတာတစ်ခုရှိတယ်။

ကျွန်တော်တို့ကို ရှုပ်ထွေးစေတာ နည်းစနစ်တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အတွေးတွေနဲ့ ဆုံးဖြတ်ချက်တွေပါ။

နည်းလမ်းတစ်ခုကို မပိုင်နိုင်သေးခင် နောက်တစ်ခုကို ထပ်ရှာတယ်။ Market ကိုကြည့်တဲ့အခါမှာလည်း နည်းစနစ်တစ်ခုနဲ့တစ်ခု ရောထွေးစဉ်းစားမိတယ်။ နောက်ဆုံးမှာ ဘာလုပ်ရမလဲဆိုတာတောင် မပြတ်သားတော့ဘူး။

ဒါကြောင့် ကျွန်တော်ကတော့ ကိုယ်နားလည်တဲ့ Strategy တစ်ခုကိုပဲ ပိုပြီးကျွမ်းကျင်အောင် လေ့ကျင့်ဖို့ ရွေးချယ်ခဲ့ပါတယ်။

Strategy ကို ရှင်းရှင်းလင်းလင်း နားလည်လာတဲ့အခါ Market ကို ကြည့်တဲ့အမြင်လည်း ပိုရှင်းလာတယ်။ Market ကို ကြည့်တဲ့အမြင်ရှင်းလာတဲ့အခါ ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေလည်း ပိုပြတ်သားလာပါတယ်။

အရေးကြီးတာက Market အမြဲမှန်အောင် ခန့်မှန်းနိုင်ဖို့ မဟုတ်ပါဘူး။ ဘယ်အခြေအနေမှာ ဘာလုပ်မယ်၊ ဘယ်အခြေအနေမှာ မလုပ်ဘူးဆိုတာ ကိုယ့်မှာ ရှင်းရှင်းလင်းလင်း ရှိနေဖို့ပါပဲ။

Master One Strategy. Trade With Clarity.

— Babylon Trading