Babylon Price Action — Foundation ကို အရင်ကျွမ်းကျင်အောင် လေ့ကျင့်ပါ။ လက်ရှိ Babylon Price Actio...

Babylon Price Action — Foundation ကို အရင်ကျွမ်းကျင်အောင် လေ့ကျင့်ပါ။

လက်ရှိ Babylon Price Action ကို လေ့လာနေတဲ့သူတချို့မှာ Foundation ပိုင်းကို သေချာနားမလည်သေးဘဲ နောက်သင်ခန်းစာတွေကို ဆက်လက်လေ့လာနေကြတာ သတိထားမိပါတယ်။

အထူးသဖြင့် Trend နဲ့ Support & Resistance တွေကို Chart ပေါ်မှာ မှန်မှန်ကန်ကန် Identify မလုပ်နိုင်သေးတာ၊ လက်တွေ့အသုံးမချတတ်သေးတာတွေ တွေ့နေရပါတယ်။

ဒါကြောင့် အကြံပြုချင်တာက—

Trend နဲ့ Support & Resistance ကို သေချာနားမလည်သေးဘူး၊ လက်တွေ့အသုံးမချနိုင်သေးဘူးဆိုရင် နောက်သင်ခန်းစာတွေကို အလျင်စလို ဆက်မလေ့လာကြပါနဲ့ဦး။

အရင်ဆုံး Foundation Lessons တွေကို ပြန်လေ့လာပါ။ Chart တွေမှာ ကိုယ်တိုင် Identify လုပ်ကြည့်ပါ။ နားလည်ရုံတင်မဟုတ်ဘဲ လက်တွေ့အသုံးချနိုင်တဲ့အထိ လေ့ကျင့်ပါ။

သင်ခန်းစာတွေ များများပြီးဖို့ထက် သင်ယူထားတာကို တကယ်အသုံးချနိုင်ဖို့က ပိုအရေးကြီးပါတယ်။

Foundation မခိုင်မာသေးရင် နောက်ပိုင်း Market Structure, Impulse & Correction, Multi-Timeframe Analysis နဲ့ Entry Rules တွေမှာ ပိုပြီးအခက်အခဲရှိလာနိုင်ပါတယ်။

အလျင်မလိုကြပါနဲ့ဗျ။ အခြေခံကို သေချာတည်ဆောက်ပြီးမှ နောက်တစ်ဆင့်ကို ဆက်လေ့လာကြပါ။

Master the Foundation Before Moving Forward.

— Babylon Trading