Babylon Price Action ဆိုတာ မနေ့တစ်နေ့ကမှ စတင်အသုံးပြုခဲ့တဲ့ Strategy မဟုတ်ပါဘူး။
၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကတည်းက ကျွန်တော်ကိုယ်တိုင် Market ထဲမှာ နေ့စဉ်လေ့လာ၊ စမ်းသပ်ပြီး လက်တွေ့အသုံးပြုလာခဲ့တဲ့ Strategy တစ်ခုပါ။
အဲဒီအချိန်တုန်းကတော့ အခုလို Public မှာ မျှဝေဖြစ်တာမျိုးမရှိသေးဘဲ TradingView ထဲမှာပဲ ကိုယ့်ရဲ့ Analysis တွေ၊ Trade Setup တွေကို Private Content အနေနဲ့ မှတ်တမ်းတင်သိမ်းဆည်းထားခဲ့တာပါ။
ဒီနေ့ TradingView ထဲက အဟောင်းတွေ ပြန်ကြည့်မိတော့ ၂၀၂၂ ခုနှစ်က Analysis တချို့ကို ပြန်တွေ့လို့ အမှတ်တရအနေနဲ့ မျှဝေလိုက်ပါတယ်။
တကယ်တော့ Babylon Price Action ဆိုတာ ခဏတာ Market Movement တစ်ခုအပေါ် အခြေခံပြီး ဖန်တီးထားတာမဟုတ်ဘဲ နှစ်ပေါင်းများစွာ လေ့လာမှု၊ လက်တွေ့အသုံးချမှုနဲ့ အတွေ့အကြုံတွေကနေ တဖြည်းဖြည်း တည်ဆောက်လာခဲ့တဲ့ Trading Framework တစ်ခုပါ။
အခုထိလည်း Market ကနေ သင်ယူနေရဆဲပါပဲ။ Strategy တစ်ခုက အမြဲတမ်းမှန်ကန်နေမှာ မဟုတ်သလို အောင်မြင်မှုကိုလည်း အာမမခံနိုင်ပါဘူး။
ကျွန်တော် ယုံကြည်တာကတော့ Strategy တစ်ခုကို မကြာခဏ ပြောင်းလဲနေဖို့ထက် ကိုယ်အသုံးပြုနေတဲ့ Strategy ကို နားလည်အောင် လေ့လာပြီး စနစ်တကျ တိုးတက်အောင် လုပ်ဆောင်သွားဖို့ပါပဲ။.
The Babylon Method. Babylon Price Action
Trade With Structure , Win with Strategy.
— Babylon Trading