လေ့လာခြင်း၊ လေ့ကျင့်ခြင်း၊ လက်တွေ့အသုံးပြုခြင်း Trading ကို သင်ယူတဲ့နေရာမှာ ကျနော် အမြဲပြောလေ့ရှ...
လေ့လာခြင်း၊ လေ့ကျင့်ခြင်း၊ လက်တွေ့အသုံးပြုခြင်း
Trading ကို သင်ယူတဲ့နေရာမှာ ကျနော် အမြဲပြောလေ့ရှိတဲ့ အဆင့် (၃) ဆင့် ရှိပါတယ်။
1. လေ့လာခြင်း (Learning)
2. လေ့ကျင့်ခြင်း (Practicing)
3. လက်တွေ့အသုံးပြုခြင်း (Applying)
ဒီအဆင့် (၃) ဆင့်က တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ အဆင့်တစ်ခုခုကို ကျော်သွားရင် နောက်အဆင့်မှာ အခက်အခဲတွေ ကြုံလာနိုင်ပါတယ်။
အခု Babylon Price Action ကို Free ပေးလိုက်တဲ့နောက်ပိုင်း လေ့လာသူတချို့ရဲ့ လုပ်ဆောင်ပုံကို ကြည့်ရတာ အဆင့် (၃) ဆင့်ကနေ (၂) ဆင့်ပဲ ကျန်တော့သလို ဖြစ်နေတယ်ဗျ။
လေ့လာခြင်း → လက်တွေ့အသုံးပြုခြင်း
ကြားထဲက လေ့ကျင့်ခြင်းဆိုတဲ့ အဆင့်ကြီး ပျောက်နေတယ်။
သင်ခန်းစာတွေ ကြည့်ပြီးပြီ။ Market Structure ကို နားလည်ပြီ။ HH, HL, Impulse, Correction တွေကို ခွဲခြားတတ်ပြီဆိုတာနဲ့ Live Market မှာ Trade ဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယူဆနေကြတယ်။
ဒါပေမဲ့ သင်ခန်းစာကို နားလည်တယ်ဆိုတာနဲ့ အဲဒီ Knowledge ကို Market မှာ စနစ်တကျ အသုံးချနိုင်ပြီဆိုတာ မတူပါဘူး။
ဥပမာ Market Structure အကြောင်း သင်ခန်းစာတစ်ခုကို ကြည့်ပြီးသွားပြီဆိုပါစို့။
အဲဒီအကြောင်းအရာကို Historical Charts တွေမှာ ဘယ်နှကြိမ် ပြန်လေ့ကျင့်ပြီးပြီလဲ။ မတူညီတဲ့ Market Conditions တွေမှာ ကိုယ့်ရဲ့ Analysis က ဘယ်လိုအလုပ်လုပ်သလဲ။ ဘယ်အခြေအနေမှာ မှားတတ်သလဲ။ ကိုယ့်ရဲ့ Entry Rules တွေကို ဘယ်လောက်အထိ စမ်းသပ်ပြီးပြီလဲ။
ဒီမေးခွန်းတွေကို မဖြေနိုင်သေးဘဲ Live Account မှာ Trade ဝင်နေပြီဆိုရင်တော့ ကျနော် Babylon Elite Members တွေကို ပြောနေကျစကားအတိုင်းပဲ ပြောရတော့မှာပေါ့။
ရွာက အမေ့အိမ်လေးတော့ အပေါင်ဆိုင်ပို့ဖို့ အလားအလာရှိနေပြီဗျ။ 😅
နောက်တာပါ။ ဒါပေမဲ့ သတိထားစေချင်တဲ့ အကြောင်းအရာကတော့ တကယ်အရေးကြီးပါတယ်။
ကျနော် Babylon Price Action ကို Free ပေးလိုက်တာဟာ ခင်ဗျားတို့ကို Live Market ထဲ အမြန်ဆုံးဝင်ပြီး ငွေရှာစေချင်လို့ မဟုတ်ပါဘူး။
Trading ကို စနစ်တကျ လေ့လာနိုင်ဖို့၊ Market ကို ကိုယ်တိုင်စဉ်းစားသုံးသပ်နိုင်ဖို့နဲ့ ကိုယ့်ရဲ့ Decision-Making Process ကို တည်ဆောက်နိုင်ဖို့ ရည်ရွယ်တာပါ။
သင်ခန်းစာတွေ ကြည့်ပြီးသွားရင် Backtesting လုပ်ပါ။ Trade Journal ရေးပါ။ ကိုယ့်ရဲ့အမှားတွေကို ပြန်လည်သုံးသပ်ပါ။ Demo Account မှာ လေ့ကျင့်ပါ။
ပြီးမှသာ ကိုယ့်ရဲ့ Financial Situation နဲ့ Risk Tolerance အပေါ်မူတည်ပြီး လက်တွေ့အသုံးချသင့်မသင့် ဆုံးဖြတ်ပါ။
Backtesting မှာ အလုပ်ဖြစ်ခဲ့တာနဲ့ Live Trading မှာ အမြတ်ရမယ်လို့တော့ အာမခံလို့မရပါဘူး။ ဒါပေမဲ့ လေ့ကျင့်မှုမရှိဘဲ ကိုယ့်ရဲ့ Capital ကို Risk ယူတာထက် ပိုပြီးစနစ်ကျတဲ့ ပြင်ဆင်မှုဖြစ်ပါတယ်။
အထူးသဖြင့် Trading ကို စတင်လေ့လာနေသူတွေအနေနဲ့ Profit ဘယ်လောက်ရမလဲဆိုတာထက် ကိုယ်ဘာလုပ်နေတယ်၊ ဘာကြောင့်လုပ်နေတယ်၊ မှားသွားရင် ဘယ်လိုစီမံမယ် ဆိုတာကို အရင်နားလည်ဖို့လိုပါတယ်။
လေ့လာရုံနဲ့ မလုံလောက်သလို လေ့ကျင့်မှုမရှိဘဲ လက်တွေ့အသုံးချဖို့လည်း မလောကြပါနဲ့။
ကျနော်တို့ သင်ယူနေတာ Trading ပါ။ ကိုယ်နားမလည်သေးတဲ့အရာတွေကို ကိုယ့်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေနဲ့ သွားစမ်းသပ်ဖို့ မဟုတ်ပါဘူး။
အမေ့အိမ်လေးကိုတော့ အမေ့အိမ်အဖြစ်ပဲ ထားကြပါဗျာ။
#BabylonTrading #BabylonPriceAction #TradingEducation #RiskManagement