သင်ခန်းစာပြီးသွားတာနဲ့ Trading စလုပ်ရမှာ မဟုတ်ပါဘူး။ Babylon Price Action သင်ခန်းစာတွေကို လေ့လာပ...

သင်ခန်းစာပြီးသွားတာနဲ့ Trading စလုပ်ရမှာ မဟုတ်ပါဘူး။

Babylon Price Action သင်ခန်းစာတွေကို လေ့လာပြီးသွားတဲ့အခါ အရေးကြီးဆုံးလုပ်ရမှာက လေ့ကျင့်မှုပါ။

Live Trading လုပ်ဖို့လည်း မဟုတ်သေးပါဘူး။ Demo Trading စလုပ်ဖို့လည်း မဟုတ်သေးပါဘူး။

အရင်ဆုံး သင်ယူထားတဲ့အရာတွေကို Chart ပေါ်မှာ ကိုယ်တိုင် ပြန်လည်အသုံးချနိုင်ဖို့ လေ့ကျင့်ရပါမယ်။

Trend ကို မှန်မှန်ကန်ကန် Identify လုပ်နိုင်ပြီလား။ Support & Resistance ကို သေချာသတ်မှတ်နိုင်ပြီလား။ Impulse & Correction တွေကို ခွဲခြားနိုင်ပြီလား။ သင်ယူထားတဲ့ Entry Conditions တွေကို နားလည်ပြီး စနစ်တကျ အသုံးချနိုင်ပြီလား။

ဒီအရာတွေကို ကိုယ်တိုင် မလုပ်နိုင်သေးဘူးဆိုရင် နောက်သင်ခန်းစာကို အလျင်စလို ဆက်မလေ့လာကြပါနဲ့ဦး။

Lesson တစ်ခုပြီးတိုင်း အဲဒီ Lesson မှာ သင်ယူထားတာကို လက်တွေ့အသုံးချနိုင်တဲ့အထိ လေ့ကျင့်ပြီးမှ နောက်တစ်ဆင့်ကို ဆက်သွားပါ။

သင်ခန်းစာအားလုံး ပြီးသွားတာက Strategy တစ်ခုကို ကျွမ်းကျင်သွားပြီလို့ မဆိုလိုပါဘူး။

Trading ကို လေ့လာတဲ့နေရာမှာ အမြန်ဆုံးပြီးတဲ့သူ ဖြစ်ဖို့ မလိုပါဘူး။ သင်ယူထားတာကို ကိုယ်တိုင်အသုံးချနိုင်တဲ့သူ ဖြစ်ဖို့ပဲ လိုပါတယ်။

Learn → Practice → Review → Repeat.

အခြေခံလေ့ကျင့်မှုတွေကို စနစ်တကျပြီးမြောက်မှ Backtesting နဲ့ Strategy Validation ကို ဆက်လုပ်ပါ။ အဲဒီနောက်မှသာ Demo Trading နဲ့ Live Trading အတွက် အဆင်သင့်ဖြစ်မဖြစ် သုံးသပ်သင့်ပါတယ်။


— Babylon Trading