"Trading Discipline ခိုင်မာစေရန် ကိုယ်တိုင် အပြစ်ပေးစနစ် (Penalty Rule) သုံးစွဲခဲ့သည့် အတွေ့အကြုံ"

ကျွန်တော် အတွေ့အကြုံလေး တစ်ခု ဝေမျှချင်တာ ဖြစ်ပါတယ်၊၊ ကျွန်တော်တို့ဟာ အလုပ်တစ်ခုကို စဉ်ဆက်မပြတ် လုပ်ဆောင်သွားမှသာ အဲဒါက အကျင့် (Habit) ဖြစ်လာတာပါ၊၊ Trading မှာလည်း ဒီအတိုင်းပါပဲ၊၊ Plan ဆိုတာ ထားကို ထားရပါတယ်၊၊ Daily Plan, Weekly Plan, Monthly Plan ဆိုပြီး အသေးစိတ် ချမှတ်ရပါတယ်၊၊

တစ်ပတ်စာ အမြတ် Target သတ်မှတ်ထားသလို၊ ၁ ပတ်အတွင်း ဘယ်လောက် ရှုံးရင် ရပ်မလဲဆိုတဲ့ Risk Limit ကိုလည်း သတ်မှတ်ထားရပါတယ်၊၊

မလုပ်ခင်မှာ Plan တွေ ရေးဆွဲကြပေမဲ့ တကယ် Live Trading လုပ်တဲ့အခါ အရှုံးကို လက်မခံနိုင်ကြပါဘူး၊၊ (ကျွန်တော်ကိုယ်တိုင် အကြိမ်ကြိမ် ကြုံခဲ့ဖူးလို့ပါ)၊၊ အဲဒီတော့ Setup တွေကို အတင်း လိုက်ရှာတယ်၊ ကိုယ် ဖြစ်ချင်တဲ့အတိုင်း အကြောင်းပြချက် (Reasons) တွေ ထုတ်ပြီး ထပ်ဝင်ကြတယ်၊၊ အောက်ကနေ အရှုံးတွေ ထပ်ပေးရတယ်၊၊ အဲဒီလိုနဲ့ပဲ အကောင့်တွေ ပြုတ်ကြရတာပါ၊၊

ကျွန်တော် အခုလို ပုံမှန် စည်းကမ်းအတိုင်း လုပ်နိုင်အောင် စတင် သတ်မှတ်တုန်းက တော်တော်လေး ခက်ခဲခဲ့ပါတယ်၊၊ ရှုံးရင် လက်မခံချင်ဘူး၊၊ ပထမဆုံးနေ့မှာပဲ စည်းကမ်း ပျက်ခဲ့ပါတယ်၊၊ "အလွန်ဆုံး ၂ Trade ပဲ ဝင်မယ်" ဆိုပြီး ၅ Trade အထိ ဖြစ်သွားခဲ့တယ်၊၊ SL ၂ ခါထိပြီး TP ၁ ခါ ထိခဲ့ပါတယ်၊၊ 3R နိုင်ထားတာကို မရပ်ဘဲ ဆက်လုပ်မိပါတယ်၊၊ လောဘက "နောက်တစ်ခါ TP ထပ်ရရင် 3R ရဦးမှာပဲ" ဆိုတဲ့ စိတ်နဲ့ Trade လိုက်တော့ SL ၂ ခါ ထပ်ထိပြီးမှ အဲဒီနေ့ နားလိုက်ရပါတယ်၊၊

အဲဒီတော့မှ "ငါတို့က အလုပ် လုပ်နေတာ မဟုတ်တော့ဘဲ လောဘ စေခိုင်းမှုနောက် လောင်းကစား လုပ်နေတာပဲ" ဆိုပြီး အသိ ဝင်လာခဲ့ပါတယ်၊၊

နောက်နေ့ကစပြီး စည်းကမ်းကို အောက်ပါအတိုင်း တင်းကြပ်စွာ ပြောင်းလဲလိုက်ပါတယ် -

၁.၁ ရက်ကို အလွန်ဆုံး ၂ Trade သို့မဟုတ် Setup ၁ ခုတွေ့ရင် ၁ ကြိမ်ပဲ Trade မယ်၊၊

၂.SL ထိလို့ ထပ် Trade ချင်ရင် အနည်းဆုံး ၂ နာရီ နားရမည်၊၊ မနားရင် ဒိုက် အခါ ၁၀၀ ထိုးရမည်၊၊

၃.၁ ရက်ကို ၂ ကြိမ်ထက် ပို Trade မိရင် နိုင်နိုင်/ရှုံးရှုံး ဒိုက် အခါ ၁၀၀ ထိုးရမည်၊၊

ဒီလို ကိုယ်တိုင် အပြစ်ပေးတဲ့ စည်းကမ်း သတ်မှတ်လိုက်တဲ့အခါ ကျွန်တော် စည်းကမ်း မဖောက်သလောက် ဖြစ်လာပြီး Trading ပိုင်း ပိုမို အဆင်ပြေလာခဲ့ပါတယ်၊၊ အချိန်လည်း ပိုရလာသလို ကိုယ် လုပ်ချင်တဲ့ တခြား အလုပ်တွေကိုပါ လုပ်နိုင်လာပါတယ်၊၊

Trade ၁ ခု ဝင်တော့မယ်ဆိုရင်လည်း အရင်ကထက် အကောင်းဆုံး အာရုံစိုက်လာနိုင်တယ်၊၊ "တစ်ခါပဲ Trade ရမှာ" ဆိုတဲ့ စိတ်နဲ့ သေချာ စောင့်ဆိုင်း ဝင်ရောက်တဲ့အတွက် အခုဆိုရင် အများကြီး တိုးတက်လာခဲ့ပါတယ်ခင်ဗျာ