“Enough” ဆိုတာ ဘာလဲ

Money ရဲ့အန္တရာယ်တစ်ခုက ပိုရလာလေလေ ပိုလိုလာတတ်တာပါ။


ပထမ 1 million ရချင်တယ်။


1 million ရလာတော့ 10 million ဖြစ်ချင်တယ်။


10 million ရလာတော့ 100 million။


အဲဒီနောက် တခြားတစ်ယောက်မှာ 1 billion ရှိတာမြင်တော့ ကိုယ့် 100 million က နည်းသွားသလို ခံစားရတယ်။


ဒီလိုနဲ့ “Enough” ဆိုတဲ့ Line က အမြဲရှေ့ကို ရွေ့နေပါတယ်။


Ambition ရှိတာ မမှားပါဘူး။


ပိုတိုးတက်ချင်တာလည်း မမှားပါဘူး။


ဒါပေမယ့် ကိုယ်ဘယ်အချိန်မှာ “လုံလောက်ပြီ” လို့ ပြောနိုင်မလဲ မသိရင် Money Game က အဆုံးမရှိတော့ပါဘူး။


Enough ဆိုတာ အလုပ်မလုပ်တော့တာ မဟုတ်ပါဘူး။


ရည်မှန်းချက်မရှိတော့တာလည်း မဟုတ်ပါဘူး။


ကိုယ်ဘာအတွက် ပိုလိုချင်နေတာလဲဆိုတာ သိနေခြင်းပါ။


ဒီမေးခွန်းတွေကို ပြန်မေးကြည့်ပါ။


ဘယ်လောက်ရှိရင် ကိုယ့် Essential Life ကို စိတ်ချရမလဲ?


ဘယ်လောက်ရှိရင် ကိုယ်လိုချင်တဲ့ Lifestyle ကို Sustain လုပ်နိုင်မလဲ?


ပိုက်ဆံပိုရဖို့ ကိုယ်ဘယ်အရာတွေ မစွန့်လွှတ်ချင်ဘူးလဲ?


Family?


Health?


Time?


Integrity?


ကိုယ်အတွက် Enough ဆိုတာ Number တစ်ခုတည်း ဖြစ်ချင်မှဖြစ်ပါမယ်။


တစ်ခါတလေ—


Debt မရှိခြင်း။


Emergency Fund ရှိခြင်း။


ကိုယ်ချစ်တဲ့အလုပ်လုပ်နိုင်ခြင်း။


တစ်နှစ်ကို အချိန်တချို့ နားနိုင်ခြင်း။


မိဘတွေကို ကူညီနိုင်ခြင်း။


ဒါတွေဖြစ်နိုင်ပါတယ်။


“More” ဆိုတာ အမြဲတမ်း “Better” မဟုတ်ပါဘူး။


Enough ကို မသိတဲ့သူအတွက် ဘယ်လောက်ရရ လုံလောက်မှာ မဟုတ်ပါဘူး။