top of page

MT5 အကောင့်သို့ ငွေသွင်းခြင်းနှင့် ထုတ်ခြင်း နည်းလမ်း

Updated: Feb 9

MT5 အကောင့်သို့ ငွေသွင်းခြင်းနှင့် ထုတ်ခြင်း နည်းလမ်း

Bybit အကောင့်တွင် Funding Account နှင့် Unified Trading Account တို့ ပါဝင်ပါသည်။ သုံးစွဲသူများက Bybit MT5 အကောင့်ကို ဖွင့်လှစ်လျှင် MT5 အတွက် သီးခြားအကောင့်တစ်ခု ဖန်တီးပေးပါသည်။

သို့သော် MT5 အကောင့်ထဲသို့ တိုက်ရိုက် ငွေသွင်းခြင်း (Deposit) သို့မဟုတ် ထုတ်ခြင်း (Withdraw) မပြုလုပ်နိုင်ပါ။ MT5 Asset Page မှတဆင့် Transfer In (ငွေသွင်းခြင်း) နှင့် Transfer Out (ငွေထုတ်ခြင်း) ပြုလုပ်ရမည်ဖြစ်သည်။

အရေးကြီးသော မှတ်ချက်များ

 • Bybit MT5 သည် USDT ကိုသာ Margin အဖြစ်အသုံးပြုပါသည်။ ထို့ကြောင့် USDT သာ MT5 အကောင့်သို့/ထံမှ လွှဲပြောင်းနိုင်သည်။

 • Bybit အကောင့်သို့ ငွေသွင်းနည်း ကို ဤစာမျက်နှာတွင်ကြည့်ရှုနိုင်ပါသည်။

 • Bybit အကောင့်မှ ငွေထုတ်နည်း ကို ဤဆောင်းပါးတွင် ကြည့်ရှုနိုင်ပါသည်။

Bybit MT5 အကောင့်သို့ ငွေသွင်းနည်း

အဆင့် (၁):

MT5 အကောင့်သို့ ငွေပို့ရန်အတွက် Funding Account မှတဆင့်သာ ပြုလုပ်နိုင်ပါသည်။ USDT ကို မဖြစ်မနေရှိထားရမည်။

အဆင့် (၂):

USDT ကို Funding Account ထဲသို့ ထည့်ပြီးပါက MT5 Asset Page သို့သွားပြီး Transfer In (ငွေသွင်းရန်) ကို နှိပ်ပါ။

အဆင့် (၃):

သင့် MT5 အကောင့်သို့ လွှဲပြောင်းလိုသော USDT ပမာဏ ကို ထည့်ပါ။ All ကို နှိပ်လျှင် သင့် Funding Account ထဲရှိ USDT အားလုံးကို MT5 သို့ လွှဲပြောင်းမည်ဖြစ်သည်။ ပြီးသွားပါက Confirm ကိုနှိပ်ပါ။

 သင့် MT5 အကောင့်သို့ ငွေလွှဲပြောင်းပြီးဖြစ်ပါသည်။

သင့် MT5 Asset Page တွင် ငွေလွှဲမှတ်တမ်း နှင့် MT5 Asset Balance ကို ကြည့်နိုင်ပါသည်။

Bybit MT5 အကောင့်မှ ငွေထုတ်နည်း

အဆင့် (၁):

MT5 Asset Page သို့သွားပြီး Transfer Out (ငွေထုတ်ရန်) ကိုနှိပ်ပါ။

အဆင့် (၂):

သင့် MT5 အကောင့်မှ ထုတ်လိုသော USDT ပမာဏ ကို ထည့်ပါ။ All ကို နှိပ်လျှင် MT5 အကောင့်ထဲရှိ USDT အားလုံးကို Funding Account သို့ ပြန်လွှဲမည်ဖြစ်သည်။ ပြီးပါက Confirm ကိုနှိပ်ပါ။

 သင့် USDT သည် Funding Account သို့ ပြန်လွှဲပြီးဖြစ်ပါသည်။

Funding Asset Page တွင် ငွေလွှဲမှတ်တမ်း နှင့် အသစ်ရောက်ရှိလာသော Funding Asset Balance ကို ကြည့်နိုင်ပါသည်။





Comentarios

Obtuvo 0 de 5 estrellas.
Aún no hay calificaciones

Agrega una calificación
bottom of page