တိုးတက်ချင်ရင်မေးခွန်းမေးပါ | WHY ?
- Myat Noe Aung
- Mar 19, 2024
- 1 min read
ကျွန်တော်တို့ ဘဝမှာ နေ့စဥ်နဲ့ အမျှ လေ့လာနေကြရပါတယ်
ဘယ်ပညာရပ်မဆို လေ့လော သင်ယူလေ့ကျင့် နေကျတာ လူတိုင်းလိုလိုပါ
ဒါပေမဲ့ ကျွန်တော်တို့ ပြန်ပီးမေးဖို့ မေ့နေကြတဲ့ အရာက ဒီပညာရပ်ကို ဘာကြောင့် သင်ယူရတာလဲဆိုတဲ့
ရည်ရွယ်ချက်, ရည်မှန်းချက် ပန်းတိုင်ပါ။
ကျွန်တော် တို့လေ့လာဖို့အတွက် ပန်းတိုင်လိုအပ်ပါတယ်။
ဒါကလဲ ကိုယ့်ရဲ့ တိုးတက်မှု လမ်းကြောင်းကို မြင်နိုင်ဖို့ပါ။
Trading ပညာကို လေ့လာတဲ့ အခါတိုင်း beginner trader တွေက ဒီမေးခွန်ကို မမေးမိကြပါဘူး
"ငါဘာလို့ ဒီပညာကို လေ့လာတာလဲ? " ဒီပညာနဲ့ ငွေရှာချင်လို့ ဆိုတာ သေချာပေါက်ပါပဲ။
ဒါဆို ငွေဘယ်လိုရှာမလဲဆိုတဲ့ နည်းလမ်းကို စပြီးလေ့လာကြရပါတယ်။
strategy ပေါ့ ဘယ်နည်းလမ်းနဲ့ ငွေရှားရမလဲဆိုတာ အရင်လေ့လာကြတယ်။
နောက်ပီး..နောက်ထပ် နောက်ထပ် နည်းလမ်းအသစ်တွေကို ထပ်မံလေ့လာကြပါတယ်။
ဒီမှာ ကျွန်တော် မျှဝေပေးချင်တာက မိတ်ဆွေတို့ကို နည်းလမ်းတွေ အများကြီးမလေ့လာပဲ
နည်းလမ်းတစ်ခုကို သေချာလေ့လာပြီး တိုးတက်လာဖို့ လေ့ကျင်ဖို့ပါ။
အများကြီးသိပြီး အသုံးမပြုနိုင်တဲ့ trader တွေစျေးကွက်မှာ ဒုနဲ့ ဒေပါ
တစ်ခုပဲ သိပြီးတစ်ခုကို သေချာ အသုံးချနိုင်တဲ့ trader တွေလဲ စျေးကွက်မှာ အကျိုးအမြတ်များစွာ ရှာနေနိုင်ကြပါတယ်။
အဲဒီ နည်းလမ်းကို သိလာပြီးဆိုရင်
trader တွေလုပ်ရမှာက တစ်ခုတည်းပါ
အရောင်းအဝယ်လုပ်တော့မည့် အချိန်တိုင်းမှာ ဒီအရောင်းအဝယ်က ဘာကြောင့် ရောင်းတာလဲ? ဘာကြောင့်ဝယ်ရတာလဲဆိုတဲ့
အကြောင်းပြချက်တွေကို စဥ်းစားပါ။ မေးပါ.
အကယ်လို strategy တစ်ခုကို သေချာ နားလည်သဘောပေါက်ထားတဲ့ trader တစ်ယောက်ဟာ သူဘာကြောင့် သူ့ရဲ့ trade setup တစ်ခုကို အရောင်းအဝယ်လုပ်ရမဲ့ အကြောင်းအရင်သိပါတယ်.
အကယ်လို့အကြောင်းအရင် မရှိသေးရင် သေချာပါတယ် မိတ်ဆွေက မိတ်ဆွေ အသုံးပြုမဲ့ ငွေရှာနည်းစနစ်ကို ကောင်းကောင်း နားမလညသေးလို့ဖြစ်မှာပါ။

ဒါဆို သေချာသဘောပေါက်နားလည်တဲ့အထိ လေ့ကျင့်ခြင်း, backtesting လုပ်ခြင်းတွေကို ထပ်ခါထပ်ခါလုပ်ပါ.
တစ်ကြိမ်လုပ်လို့ နားမလည်သေးရင် ၁၀ကြိမ်လုပ်ကြည့်ရပါမယ်။
တစ်ကြိမ်လုပ်ကြည့်လို့ ဒီလိုပဲဆိုပီးစျေးကွက်ကို အနိုင်ယူနိုင်လိမ့်မယ်လို့ မထင်ပါနဲ့ ။
လေ့ကျင့်မှုတွေများလာပြီး ကိုယ်တိုင်က ယုံကြည်မှုရှိလာမှသာ ဆုံးဖြတ်ချက်တွေကို ရှင်းရှင်းလင်းလင်းချနိုင်မှာပါ။
ဒီရက်ပိုင်း ကျွန်တော်သဘောကျနေတဲ့ စကာစုလေးလိုပေါ့
"ကျွန်တော်တို့က အလေ့အကျင့်တွေကို ဖန်တီးတယ်၊ အလေ့အကျင့်တွေကို ကျွန်တော်တို့ကို ပြန်ဖန်တီးလိမ့်မယ်" ဆိုတဲ့အတိုင်း
practice make perfect ပါဗျ
@Babylontrading
Comments