top of page
babylon community

Babylon Community — Learn the System

Public·541 B+ trader

ree

 “Trader တစ်ယောက်အောင်မြင်ဖို့ Entry သာမက Exit Strategy လည်း အဓိက”

သူငယ်ချင်း Trader တစ်ယောက်နဲ့ စကားပြောမိတယ်။

Market ဝင်မယ့် အချိန်၊ Signal တွေ၊ Indicator တွေကို တိကျစွာပြင်ဆင်ထားတာကြောင့် အရမ်း အံ့သြမိသလို့…

ဒါပေမယ့် “ဘယ်အချိန်မှာ ထွက်မလဲ?” လို့ မေးလိုက်တော့ အဖြေမရှိနေဘူး။

 ဒီအခြေအနေကပဲ အများစု Trader တွေကြုံနေရတဲ့ ပြဿနာ ပါ

Entry plan တိကျတယ်၊ Exit plan မရှိဘူး။

ဒါကြောင့်

 Exit Strategy မှာ စဉ်းစားသင့်တဲ့ အချက် ၄ချက်ကို မျှဝေလိုက်ပါတယ်

 Risk – ဘယ်လောက်ဆုံး ရှုံးရင် ထွက်မလဲ ?

 Account ရဲ့ 1% or 2 $ ထက် မပိုသင့် ပါ ( အကယ်လို့ အကောင့်သေးရင်တော့ အဲဒီထက်ပို risk ယူရနိုင်ပါတယ်)�$1,000 Account → $10 max loss.

 Stop Loss – ဘယ်မှာ သတ်မှတ်မှာလဲ?

 Random မဖြစ်အောင် Chart Structure / strategy ကို အခြေခံပီး တိကျစွာ သတ်မှတ်ထားပါ

 Invalidation Events – ဘာတွေဖြစ်လာရင် Trade အဆင်မပြေတော့မလဲ?

 Economic News, Central Bank speeches တို့ကြောင့် မျှော်လင့်သလို မဖြစ်လာရင် အလုပ်လုပ်မဲ့ Plan B ကို ကြိုတွေးထားပါ

 Time – ဘယ်လောက်ကြာ ကိုင်ထားမလဲ?

 Swing traders အတွက် အပတ်/လ/နှစ် ကြာနိုင်သလို, Short-term traders အတွက် Consolidation ပိုကြာလာရင် ထွက်ပေးဖို့ လိုတတ်တယ်။နောက်တစ်ချက် ကိုယ်အတွက် RR အဆင်ပြေရင် ထွက်မယ်။

 ဘာကြောင့် Exit Strategy အရေးကြီးလဲ?

 စိတ်ထိန်းချုပ်နိုင်ဖို့

 Risk ကာကွယ်နိုင်ဖို့

 consistency trader တစ်ယောက်ဖြစ်ဖို့ ပါ။

Trading က အမြဲ “ဘယ်လိုဝင်မလဲ” အတွက် မဟုတ်ပါဘူး။

 အောင်မြင်တဲ့ Trader တစ်ယောက်ဆိုရင် “ဘယ်အချိန်ထွက်မလဲ” ကို ကြိုတင် သေချာစဉ်းစားထားလိုပါမယ်

#BabylonTrading #ExitStrategy #RiskManagement #1PercentRule #TradingDiscipline #ThinkLikeATrader #မြန်မာTrader #ငွေကြေးပညာ

128 Views
© Copyright of Babylon Trading
bottom of page