Currency နှင့် Currency Pairs ဆိုတာ ဘာလဲ?
- Myat Noe Aung
- Oct 31, 2024
- 1 min read
Currency

နိုင်ငံတိုင်းတွင် မိမိတို့၏ သက်ဆိုင်ရာ currency များရှိကြပါသည်။ ဥပမာ မြန်မာနိုင်ငံတွင်မူ မြန်နိုင်ငံ၏ currency (Kyat / MMK ) ဆိုသည့် currency unit ကို အသုံးပြုကြရသည်။ ထိုနည်းတူ နိုင်ငံတစ်နိုင်ငံတွင် သူတို့၏ သက်ဆိုင်ရာ ငွေကြေးများကို အသုံးပြုရသည်။
အောက်တွင်ဖော်ပြထားသည့် ငွေးကြေး ၈ ခုရှိပါသည်။ ထို currency ၈မျိုးသည် financial market တွင် အရောင်းအဝယ်ပြုလုပ်ကြသည် မှာ တခြားသော ငွေကြေးများထက် သာပါသည်။
💡 United State USD
💡 Euro Zone EUR
💡 Japan JPY
💡 England GBP
💡 Swiss CHF
💡 Canada CAD
💡 Australia AUD
💡 New Zealand NZD
စသည့် ငွေကြေးး ၈ မျိုးကို currency ဟုခေါဆိုကြသည်။
Currency Pair
Currency pair ဆိုသည်မှာ currency နှစ်ခု ပေါင်းစပ်ပြီးခေါ်ဆိုသည်။ ဥပမာ -
EUR/USD, USD/JPY, AUD/USD စသည့် currency နှစ်ခုကို ပေါင်းစပ်ထားပါက currency pairs ဟုခေါ်ဆိုနိုင်သည်။
Currency pairs တွင် ၂ မျိုး ရှိသည်။ major currencies နှင့် cross currencies များဖြစ်ကြသည်.
Major Currencies ဆိုသည်မှာ -USDငွေကြေးနှင့် တွဲထားသည့် currency များကို major currencies ဟုခေါဆိုကြည်သည်
ဥပမာ-
EURUSD , AUDUSD, NZDUSD, GBPUSD, USDJPY, USDCHF, USDCAD, များဖြစ်ကြသည်။

Cross Currencies ဆိုသည်မှာ - USD နှင့် တွဲထားသာ မဟုတ်ပဲ တခြားcurrency အချင်းချင် တွဲထားသည့် currency pairs များကို cross currencies ဟုခေါ် သည်။

CURRENCY PAIRS တွေကို ဘယ်လိုဖတ်မလဲ?
Currency pairs တစ်ခုတွင် base currency နှင့် quote currency ဟူ၍ နှစ်မျိုးရှိပါသည်။ ဥပမာ - EURUSD တွင် EUR သည် Base currency ဖြစ်ပြီး၊ USD သည် Quote currency ဖြစ်သည်။
EURUSD - EUR ( base currency ), USD (quote currency)
AUDUSD - AUD (base currency), USD (quote currency)
USDJPY - USD (base currency), JPY (quote currency) ဟု သတ်မှတ်ကြသည်။

မှတ်ချက် ။ trader များသည် currency pairs များကိုလေ့လာချိန်တွင် ဒီအမှားမျိုး ပြုလုပ်တက်သည်။
ကျွန်တော် တို့အနေနဲ့ currency pair တခုကို အရောင်းအဝယ်ပြုလုပ်သည့်အခါ တွင် ဥပမာ EURUSD ကို အရောင်းအဝယ်ပြုလုပ်သည်ဟု ဆိုကြပါစို့ EURUSD ကို အဝယ်( buy) သည့်အခါတွင် EUR ကိုဝယ်ပြီး ၊ USD ကို ရောင်းသည့် ဟု ဆိုသည်။
EURUSD ကို အရောင်း (Sell) သည့်အခါတွင် EUR ကို ရောင်းပြီး , USD ကို ဝယ်သည်ဟု ဆိုသည်။ ဆိုလိုချင်သည့် သဘောမှာ မည်သည့် ငွေကြေး currency pairs ကို အရောင်းအဝယ်ပြုလုပ်သည့် အခါတိုင်းတွင် မိမိတို့ အရောင်းအဝယ်ပြုလုပ်နေသည်မှာ ရှေ့ currencyများဖြစ်သည့် base currency များကို အရောင်းအဝယ်ပြုလုပ်နေသည်ကို သတိပြုပါ။
Comments