top of page

FOREX TRADING ဆိုတာ ဘာလဲ?

Forex trading ဆိုတာ နိုင်ငံတကာငွေးကြေး အရောင်းအဝယ်ပြုလုပ်လို့ရတဲ့ Financial market တစ်ခုဖြစ်ပါသည်။ Forex ဆိုတာ Foreign + Exchange ဆိုတဲ့ စကားလုံး နှစ်လုံးရဲ့ အတိုးကောက် ခေါ်ယူထားတဲ့ နာမည်တစ်ခုဖြစ်ပါသည်။


foreign ဆိုတဲ့ စကားလုံးက FOR ဆိုတာနဲ့ Exchange ဆိုတဲ့ စကားလုံးရဲ့ EX ဆိုတာ ကို ပေါင်းစပ်ပြီးတော့ ခေါ် ဝေါ် ထားပါသည်။

လွန်ခဲ့တဲ့ နှစ်များစွာကတည်းက Forex trading ကို နိုင်ငံအများစုက လုပ်ကိုင်လျက် ရှိပါသည်။


နိုင်ငံပိုင် အစိုးရဘဏ်, ပုဂ္ဂိုက ဘဏ်, စီးပွားရေးလုပ်ငန်းများ, ရင်းနှီးမြုပ်နှံလုပ်ငန်းများ ကလုပ်ကိုင်လျက်ရှိပါသည်။ နည်းပညာတိုးတက်လာသည့် နောက်ပိုင်း အခုဆိုရင် အသေးစားရင်းနှီးမြုပ်နှံသူတွေဖြစ်သည့် retail trader များကလည်း အင်တာနက်က တဆင့် အလွယ်တကူ စျေးကွက်မှာ အရောင်းအဝယ်လုပ်ကိုင်နိုင်နေပါသည်။


World Financial market မှာ forex trading တစ်ခုပဲ အလုပ်လုပ်လို့ ရနေတာ မဟုတ်ပါဘူး။

crypto currency, stock market, index market, world gold, oil စသည့် စျေးကွက်များစွားမှာ အရောင်းအဝယ်ပြုလုပ်လို့ ရနေပါပြီး။ ဒီစာအုပ်မှာတော့ forex trading ကိုအဓိက ပြေားပြသွားမှာပါ။


Forex trading သည် တစ်ရက်ကို ၂၄ နာရီ တနလ်ာမှ သောကြာနေ့ထိ တစ်ပတ်ကို ၅ရက်‌စျေးကွက်မှာ အရောင်းအဝယ်ပြုလုပ်နိုင်ပါသည်။ stock marketကတော့ forex နဲ့မတူပါ။ နေ့စဥ် စျေးကွက် ဖွင့်ချိန် , ပိတ်ချိန်ကြားတွင်သာ အလုပ်လုပ်ကိုင်နိုင်တာကို တွေ့ရပါသည်။


ယနေ့ခေတ် ၂၀၂၃တွင် forex trading market တွင် နေ့စဥ် ဝင်ရောက်အရောင်းအဝယ်လုပ်ကိုင်နေသည့် ငွေပမာဏမှာ $7.5 trillion ပမာဏ ဖြစ်လာခဲ့ပါပြီး။လွန်ခဲ့တဲ့ ၂၀၁၉ ဝန်းကျင်ကာလမှာ စျေးကွက် volume သည် $5 trillion ဝန်းကျင်သာရှိနေသေးသည်။


လက်ရှိဝင်နေ့စဥ် ဝင်ရောက်လုပ်ကိုင်နေသည့် ပမာဏ များစွာတိုးတက်လာသည်ကို တွေ့ ရသည်။ ဒါကလဲ လွန်ခဲ့သည့် 2020 တွင် တစ်ကမ္ဘာလုံး covid ရောဂါစတင်ဖြစ်သွားလာသည့် နောက်ပိုင်း စျေးကွက် တွင် ရင်းနှီးမြုပ်နှံသည့် လုပ်ငန်းရှင်းများ များစွာတိုးတက်လာသည်ကိုတွေ့ရသည်။



Forex trading ဆိုတာဘာလဲ
Forex trading ဆိုတာဘာလဲ

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
bottom of page