အမြတ်ထွက်ခြင်းကိုပဲအာရုံစိုက်မနေဘဲ စဉ်ဆက်မပြတ် တိုးတက်ဖို့ပဲအာရုံစိုက်ပါ
- Oct 25
- 1 min read
လူသစ်ထဲကအများစုရဲ့ အမှားအကြီးဆုံးတစ်ခုက ကောင်းတဲ့အခွင့်အလမ်း (အမြတ်ထွက်မယ့်အရောင်းအဝယ်) တွေကိုရှာဖို့ပဲအာရုံစိုက်ပြီး ကောင်းမွန်တဲ့စျေးကွက်အရောင်းအဝယ်သူ (trader) ဖြစ်ဖို့တော့ အာရုံမစိုက်တာပါ။
အခုလို လူသစ်တွေက နည်းပညာပိုင်း (technical analysis) သို့မဟုတ် သတင်းအချက်အလက်ပိုင်း (fundamental analysis) ကို အမြတ်ထွက်မယ့် trade setup ရှာဖို့အတွက် အချိန်အကုန်ကုန် သုံးနေကြတာ မထူးဆန်းပါဘူး။ တချို့က တောင် တခြားသူတွေ့ထားတဲ့ trading idea နဲ့ system တွေကို နားမလည်ပဲ မိတ္တူကူးတတ်ကြပါတယ်။
သူတို့က ကောင်းတဲ့အခွင့်အလမ်းလွတ်မသွားမှာကို ကြောက်လွန်းလို့ ကိုယ့်ကိုယ်ကို အကောင်းဆုံး trader ဖြစ်အောင် တိုးတက်ဖို့ထက် စျေးကွက်ထဲမှာ လက်တွေ့စမ်းသပ်ချင်ကြတာပါ ။
ဒါပေမဲ့ ရရှိတဲ့အမြတ်ကောင်းတွေဟာ တကယ်တမ်းကောင်းမွန်တဲ့ trader ဖြစ်ဖို့ ပုံမှန်အလေ့အကျင့်တွေကြောင့် ဖြစ်လာတာကို မသိကြသေးတာပါ။
ကျွန်တော့်ပြောချင်တာက ကောင်းတဲ့ trade တွေကို မလိုချင်ဘူးဆိုတာ မဟုတ်ပါဘူး၊
သို့သော် ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်တဲ့လုပ်ဆောင်ချက်တွေ — ဥပမာ trade journaling လုပ်ခြင်း၊ သေချာတဲ့လေ့ကျင့်မှု တွေ ပြုလုပ်ခြင်းတို့က ကောင်းတဲ့ setup တွေရှာနေထက် ပိုပြီး အမြတ်ထွက်နိုင်စွမ်းကို မြန်မြန်တက်စေပါလိမ့်မယ်။
ကြိုးဝိုင်ထဲ ဝင်ဖို့ကြိုးစားနေတဲ့ ကစားသမားတစ်ယောက်က ပွဲတိုင်းကို ဝင်ရောက်ယှဥ◌်ပြိုင်နေတာ မဟုတ်ပါဘူး။
သူက တိုက်ရမယ့်ပွဲမတက်ခင်မှာ ပထမဦးဆုံး ကိုယ်ခန္ဓာကိုယ်ကောင်းအောင် လေ့ကျင့်ရမှာပါ၊ တိုက်ခိုက်နည်းတွေ မှတ်သားရမှာပါ၊ မသန်မာတဲ့အပိုင်းတွေ ပြုပြင်ရမှာပါ။ ဒါနဲ့မှ စစ်မှန်တဲ့အနိုင်ရရှိသူ ဖြစ်လာနိုင်မှာပါ။
ဒါပေမယ့် ကစားသမားက အနိုင်ရဖို့ပဲစိတ်၀င်စားပြီး ကောင်းတဲ့အလေ့အကျင့်တွေ မရှိထားဘူးဆိုရင် — သူဟာ training မလုံလောက်တဲ့အတွက် ပြိုင်ပွဲထဲမှာ ခံနိုင်ရည်မရှိဘဲ ရှုံးနိမ့်မှာပါ။
Forex trader တွေအနေနဲ့လည်း တူညီတဲ့အခြေအနေတစ်ခုကြုံတွေ့နေရတာပါ
အဓိကက များသော trader တွေဟာ သူတို့ရဲ့ account balance နဲ့ “အမြတ်ထွက်တဲ့ trade” တွေကိုပဲအာရုံစိုက်ပြီး သူတို့ရဲ့စျေးကွက်လေ့ကျင့်မှုစွမ်းရည်တိုးတက်ရေးကို လုပ်အားမထုတ်ကြပါဘူး။
အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့စေ◌ျးကွက်သုံးသပ်ချက်တွေဟာ လွဲမှားလာတဲ့အခါ ဘယ်လိုရင်ဆိုင်ရမလဲ? စျေးကွက်က ဘယ်အခြေအနေမျိုးပြောင်းလဲလာလာ မဖြေရှင်းတတ်တော့ဘူး ဖြစ်လာနိုင်ပါတယ်။

အမြတ်ထွက်ခြင်းကိုပဲအာရုံစိုက်မနေဘဲ စဉ်ဆက်မပြတ် တိုးတက်ဖို့ပဲအာရုံစိုက်ပါ။
ဒါက တကယ်တမ်းမှာ စျေးကွက်အခြေအနေမျိုးစုံကို ကျွမ်းကျင်စွာ ကျော်ဖြတ်နိုင်အောင် သင်ကိုယ်တိုင်အဖွဲ့ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ အနာဂတ်အမြတ်/အရှုံးနဲ့စိတ်မပူဘဲ လက်ရှိပြဿနာတွေကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်လို့ရပါတယ်။
နောက်ဆုံးတော့ သတိထားဖို့က "အနိုင်ရဖို့အတွက် အကောင်းဆုံးကဒ်တွေပိုင်စရာမလိုပါဘူး။ ကိုယ်ရရှိထားတဲ့ကဒ်တွေကို ဘယ်လိုကစားသလဲဆိုတာကပိုအရေးကြီးပါတယ်။"
ကောင်းတဲ့ trader ဖြစ်ဖို့အာရုံစိုက်လိုက်ပါ။ ကောင်းတဲ့ trade တွေက သူ့ဘာသာနောက်လိုက်လာပါလိမ့်မယ်။

Comments